၁။ နာကျည်းမှုဆိုတာ တယောက်ကယောက်က ကိုယ့်အပေါ်ပြောသော စကား (သို့မဟုတ်) အပြုအမှုအပေါ် မကျေမနပ်ဖြစ်ကာ စိတ်နာနေသော ခံစားမှုဖြစ်သည်။ ကျော့ကွင်းကတော့ ဝှက်ထားသော ထောင်ချောက်ဖြစ်သည်။ အဓိပ္ပါယ်မှာ စာတန်က လူတစ်ဦးတယောက်အပေါ် မကျေမနပ်ဖြစ်နေစေသည့်ခံစားမှုဖြင့် ကျော့ကွင်းထဲတွင် မိနေစေချင်သည်။ ထိုခံစားမှု ရှိနေပါက ဝမ်းမြောက်ခြင်းမရှိ ဆက်ဆံရေးမပြေလည်၊ ကွဲပြားမှုဖြစ်ပြီး တသက်လုံး စိတ်ညစ်ခြင်းဖြစ်ရသည်။ မဿဲ ၂၄း၁၁-၁၂ တွင် ပြောသော ဤကာလတွင် အချင်းချင်းမုန်းကြမယ်။ မိစ္ဆာပရောဖက်တွေ ပေါ်လာမယ်။ ချစ်ခြင်းမေတ္တာခေါင်းပါးမယ်လို့ ပြောတာ ယုံကြည်သူအသိုင်းအဝိုင်းထဲမှာ ပေါ်လာမယ်လို့ ပြောခြင်းဖြစ်သည်။ ထိုကြောင့် ယုံကြည်သူ မိသားစု၊ အသင်းတော်၊ မိတ်ဆွေများ အကြားဖြစ်မှာကို သတိပေးခြင်းဖြစ်သည်။
Sunday, July 22, 2018
Sunday, July 15, 2018
ဆုတောင်းခြင်း (၀၇-၁၅-၂၀၁၈ Endeavour ဒေသနာမှ)
၁။ ကမ္ဘာကြီးက အကောင်းဖက်တိုးတက်တာထက် အဆိုးဖက်သွားတာ ပိုများသည်။ ထို့ကြောင့် ကျမ်းစာက ယခုအချိန်ကို ခဲယဉ်းဆိုးယုတ်သော ကာလ ဟုခေါ်သည်။ မြန်မာနိုင်ငံတွင် ဆေးရုံ ဆေးခန်းများစွာ ပေါ်ပေါက်လာသည်။ ဒါလည်း လူနာတွေနဲ့ ပြည့်နက်နေသည်။ ဒီလိုအချိန်မှာ ဘုရားသခင် လုပ်ခိုင်းတာက မခြားမလပ်ဆုတောင်းဖို့ ဖြစ်သည်။ ရောမ ၁၂း၁၂ တွင် မျှော်လင့်လျက်ဝမ်းမြောက်ပါ။ ဆင်းရဲဒုက္ခရောက်ရင် သည်းခံပါ။ ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြုပါ ဟု ဆိုသည်။ ခက်ခဲခြင်းက အမြဲရှိမှာဖြစ်သည်။ သို့သော် သည်းခံပါ။ ဆုတောင်းပါ။ ချီးမွမ်းစရာဖြစ်လာမယ်။
Sunday, July 1, 2018
ထာဝရအိမ်တော်ထဲသို့ (၀၇-၀၁-၂၀၁၈ Saw Eh Soe သမ္မကျမ်းစာလေ့လာခြင်းမှ)
၁။ ၂ပေ ၁း၃-၁၁ တွင် သခင်ယေရှုခရစ်၏ထာဝရအိမ်တော်ထဲသို့ ဝင်စားခြင်းအခွင့် ဟူသော စာပိုဒ်ကို တွေ့ရသည်။ ထိုအိမ်တော်သို့ ဝင်ခွင့်ရသော သူတို့၏အသက်တာ၌ တက်လှမ်းလာရန် အဆင့်များကိုလည်း ဖော်ပြထားသည်။ ဦးစွာ ဘုရားသခင်ကို သိသော ဉာဏ်အားဖြင့် အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ဘုရားသခင်တန်ခိုးတော်က ပေးသနားတော်မူသည်။ ဘုရားသခင်ကို ဇာတ်တိဉာဏ်၊ လူ့ပညာဖြင့် မသိနိုင်ပါ။ ဘုရားသခင်ကိုယ်တိုင်ဖွင့်ပြမှ၊ အလင်းပေးမှ ဘုရားသခင်ကို သိမြင်နိုင်သော ဉာဏ်ကို ရမည်။ ဝိညာဉ်အသက်ရှင်းခြင်းကလည်း၊ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်။ (ဟေရှာ ၅၅း၃) နူးညွတ်သောနားနဲ့ ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ဝိညာဉ်ရှင်ပြီးနောက်ပိုင်း ဆက်လက်၍ နှုတ်ကပတ်တော်အားဖြင့် ရှင်သန်သွားဖို့ လိုအပ်သည်။
Subscribe to:
Posts (Atom)