Sunday, July 15, 2018

ဆုတောင်းခြင်း (၀၇-၁၅-၂၀၁၈ Endeavour ဒေသနာမှ)

၁။  ကမ္ဘာကြီးက အကောင်းဖက်တိုးတက်တာထက် အဆိုးဖက်သွားတာ ပိုများသည်။ ထို့ကြောင့် ကျမ်းစာက ယခုအချိန်ကို ခဲယဉ်းဆိုးယုတ်သော ကာလ ဟုခေါ်သည်။ မြန်မာနိုင်ငံတွင် ဆေးရုံ ဆေးခန်းများစွာ ပေါ်ပေါက်လာသည်။ ဒါလည်း လူနာတွေနဲ့ ပြည့်နက်နေသည်။ ဒီလိုအချိန်မှာ ဘုရားသခင် လုပ်ခိုင်းတာက မခြားမလပ်ဆုတောင်းဖို့ ဖြစ်သည်။ ရောမ ၁၂း၁၂ တွင် မျှော်လင့်လျက်ဝမ်းမြောက်ပါ။ ဆင်းရဲဒုက္ခရောက်ရင် သည်းခံပါ။ ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြုပါ ဟု ဆိုသည်။ ခက်ခဲခြင်းက အမြဲရှိမှာဖြစ်သည်။ သို့သော် သည်းခံပါ။ ဆုတောင်းပါ။ ချီးမွမ်းစရာဖြစ်လာမယ်။


၂။  စာတန်က ယုံကြည်သူတွေ ဆုတောင်းမှာ ကြောက်တယ်။ စိုးရိမ်တယ်။ ဒါကြောင့် ဆုမတောင်းဖြစ်အောင် နှောင့်ယှက်တယ်။ ဆုတောင်းရမဲ့အချိန်မှာ အခြားအရာများလုပ်အောင် သွေးဆောင်တယ်။ ဒါကြောင့်လည်း သခင်ယေရှုက ဆုတောင်းဖို့ အထပ်ထပ်မှာတယ်။ သူကိုယ်တိုင်လည်း ပုံသက်သေပြတယ်။ အားမလျော့ဘဲကြိုးစားဆုတောင်းဖို့ လုကာ ၁၈း၁-၇ မှာ တရားသူကြီးဆီမှာ သွားပြီး ဂျီတိုက်တဲ့ မုဆိုးမနဲ့ ဥပမာပေးတယ်။

၃။  လောကမှာ ကိုယ်မလုပ်တတ်တာ၊ နားမလည်တာတွေ လုပ်ရတော့မယ်ဆိုရင် ရှေ့နေ၊ ပွဲစား(Agent) တွေကတဆင့် လုပ်ရတယ်။ ဒါတောင် သူတို့ကို ငှါးရတာ သေချာပြီ လို့ စိတ်ချလို့ မရပါ။ သို့သော် ကျွနု်ပ်တို့အတွက် စိတ်ချသေချာသော အမှုဆောင် ရှေ့နေ သခင်ယေရှု ရှိသည်။ ရောမ ၈း၃၁-၃၄ သူက ခမည်းတော်ဘုရားသခင်နဲ့ ကျွနု်ပ်တို့ကြားမှာ အမှုဆောင်ပေးနေသည်။ ဆုတောင်းပေးနေသည်။ အယူခံဝင်ပေးနေသည်။ သခင်ယေရှု ကောင်းကင်တက်ကြွပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်က အပြစ်ဒုစရိုက်ဆိုတာ ဘာလဲ။ အပြစ်ကင်းခြင်းဆိုတာ ဘာလဲ။ အပြစ်စီရင်ခြင်းဆိုတာ ဘာလဲ ဆိုတာ သေချာနားလည်းအောင် ရှင်းပြတယ်။ ဒါအပြင် ယုံကြည်သူတွေ ဘယ်လို ဆုတောင်းရမလဲ။ ဆုတောင်းခြင်းကို နားလည်တာထက် လက်တွေ့ ဆုတောင်းဖြစ်တာ ပိုအဓိကကျပါတယ်။

 ၄။  PRAY နဲ့ ဆင်ခြင်ကြမယ်။

၄(က)။
P – Praise ချီးမွမ်းခြင်းနှစ်ပိုင်းရှိတယ်။ ဂုဏ်တော်နာမတော် ချီးမွမ်းခြင်းနဲ့ ကျေးဇူးတော် ချီးမွမ်းခြင်း။
R – Repentance နောင်တရခြင်း- ၁ယော ၁း၉။ သုတ္တံ ၂၈း၁၃ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီး ဖြစ်သော်လည်း သွေးသားခန္ဓာရှိသေးတဲ့အတွက် မှားမိတတ်သည်။ ထိုကြောင့် ဝန်ချတောင်းပန်ခြင်း လုပ်ရတယ်။ ပြဿနာဖြစ်ရင် သမ္မာသတိရှိပါ။ ပြဿနာပေးသူထဲကနေ စာတန်အလုပ် လုပ်ခြင်းဖြစ်သည်။ စာတန်ကို အခွင့်မပေးပါနှင့်။ ဆီးတားပါ။ ယာကုပ် ၄း၇။
 ၄(ခ)။  A – Ask တောင်းကြလော့ (မဿဲ ရး၇။ တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်။ သင်တို့တောင်းတဲ့အတိုင်း ငါပြုမယ်လို့ ဂတိရှိတယ်။ တောင်းတဲ့အခါ ဥိးစားပေးတောင်းရမဲ့အရာက မဿဲ ၉း၃၇-၃၈ အရ၊ လုပ်ဆောင်သော သူတော့ ရှိတယ်။ အလွန်းနည်းတဲ့အတွက် လုပ်ဆောင်သူတွေ စေလွှတ်ပေးပါလို့ ဆုတောင်းဖို့ြ့ဖစ်တယ်။ ယခုအခါ ဒုက္ခသည်စခန်းတွေ အရမ်းများလာသည်။ ထိုနေရာသို့ လူမှုရေးလုပ်သူတွေ အဖွဲ့အစည်းတွေ အများကြီး သွားကြသည်။ အဝတ်အထည်၊ အစားအသောက်ပေးကြသည် ဆေးကုပေးကြသည်။ သို့သော်ဝိညာဉ်အတွက် ဧဝံဂေလိနှင့် တွဲလုပ်သူအလွန်ရှားပါသည်။ ဧဝံဂေလိလုပ်ရင် ဆီးတားကြသည်။ ဒီအတွက် ဆုတောင်းပေးရမည်။
 ၄(ဂ)။  Y – Yoke Exchange မဿဲ ၁၁း၂၈-၃၀ တွင် သင် ဘာဝန်တွေ ထမ်းထားသလဲ။ သင် ထမ်းတဲ့ထမ်းဘိုး ထိုသခင်ဘုရားထံ အပ်လိုက်ပါ။ ပြီးရင် သခင်ဘုရားတင်တဲ့ထမ်းဘိုးကို သင် ထမ်းပါ။ သခင်တင်တဲ့ ထမ်းဘိုးက ပေါ့တယ်။ ဘာကြောင့်လဲ ဆိုတော့ သခင်နဲ့အတူ သခင့်နည်းလမ်းနဲ့ ထမ်းလို့ဖြစ်ပါတယ်။
 ဆုတောင်းခြင်းက ဘုရားသခင်နဲ့ စကားပြောခြင်း ဖြစ်သည်။ ကျမ်းစာဖတ်ခြင်းက ဘုရားသခင် အသံနားထောင်ခြင်းဖြစ်သည်။ ကိုယ့်ဖက်က တဖက်သတ်ပြောခြင်း မဖြစ်စေရ။ ဘုရားသခင်အလိုတော်၊ အသံတော်ကိုလည်း နားထောင်နာခံဖို့ လိုသည်။  ကျွနု်ပ်တို့ကို သတိနဲ့ကြည့်ရှုနေသူ နှစ်ဦးရှိသည်။ တစ်ဦးက ဘုရားသခင်ဖြစ်ပြီး၊ ကျွနု်ပ်တို့ကို ချီးမြောက်ဖို့ဖြစ်သည်။ နောက်တဦးက စာတန် ဖြစ်ပြီး ကျွနု်ပ်တို့ကို ဝါးမျိုးဖို့ဖြစ်သည်။ (၁ပေ ၅း၆-၈) ကျမ်းစာဖတ်၊ ဆုတောင်းဖို့အချိန် မပေးနိုင်ရင် ဝိညာဉ်ရေး မတိုးတက်နိုင်ပါ။

၅။  ဘုရားသခင် သင့်အပေါ် ပြုသော ကျေးဇူးတော်ကို ရည်တွက်ချီးမွမ်းရင်း ဘုရားသခင်က သင့်ကို လုပ်စေလိုသော ဆုတောင်းခြင်းအမှုကို မပျက်မကွက်ပြုခြင်းဖြင့် ကျေးဇူးတင်ကြောင်း သက်သေပြပါ။

No comments:

Post a Comment