Sunday, July 1, 2018

ထာဝရအိမ်တော်ထဲသို့ (၀၇-၀၁-၂၀၁၈ Saw Eh Soe သမ္မကျမ်းစာလေ့လာခြင်းမှ)

၁။  ၂ပေ ၁း၃-၁၁ တွင် သခင်ယေရှုခရစ်၏ထာဝရအိမ်တော်ထဲသို့ ဝင်စားခြင်းအခွင့် ဟူသော စာပိုဒ်ကို တွေ့ရသည်။ ထိုအိမ်တော်သို့ ဝင်ခွင့်ရသော သူတို့၏အသက်တာ၌ တက်လှမ်းလာရန် အဆင့်များကိုလည်း ဖော်ပြထားသည်။ ဦးစွာ ဘုရားသခင်ကို သိသော ဉာဏ်အားဖြင့် အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကို ဘုရားသခင်တန်ခိုးတော်က ပေးသနားတော်မူသည်။ ဘုရားသခင်ကို ဇာတ်တိဉာဏ်၊ လူ့ပညာဖြင့် မသိနိုင်ပါ။ ဘုရားသခင်ကိုယ်တိုင်ဖွင့်ပြမှ၊ အလင်းပေးမှ ဘုရားသခင်ကို သိမြင်နိုင်သော ဉာဏ်ကို ရမည်။ ဝိညာဉ်အသက်ရှင်းခြင်းကလည်း၊ နှုတ်ကပတ်တော်အားဖြင့် ဖြစ်သည်။ (ဟေရှာ ၅၅း၃) နူးညွတ်သောနားနဲ့ ငါ့ထံသို့ လာကြလော့။ နားထောင်ကြလော့။  သို့ပြုလျှင် သင်တို့၏ ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်။ ဝိညာဉ်ရှင်ပြီးနောက်ပိုင်း ဆက်လက်၍ နှုတ်ကပတ်တော်အားဖြင့် ရှင်သန်သွားဖို့ လိုအပ်သည်။


၂။  ယော ၄း၁၄-၂၆ တွင် ရှမာရိအမျိုးသမီးက ယေရှုကို သာမန်ယုဒလူ ဟု သာ သိပြီးနောက် သူ့အကြောင်း ပြောနိုင်သော အခါ ပရောဖက် ဟု ထင်မှတ်သည်။ ထိုနောက် ဘာသာရေးအရ ကိုးကွယ်ခြင်းအကြောင်းပြောပြီး၊ သခင်ယေရှုကိုယ်တိုင်က သူသည် ကယ်တင်ရှင်မေရှိယဖြစ်ကြောင်း ဖွင့်ပြောလိုက်သောအခါ ရှမာရိအမျိုးသမီးသည် ဝိညာဉ်အသက် ရသွားပါသည်။ ထိုအခါ ရေအိုးကို ထားခဲ့၍ (အဓိကအသက်ကို ရသွားသောအခါ၊ စားဝတ်နေရေးသည် သာမညအရာသာ ဖြစ်သွားပါသည်။) ဝိညာဉ်သက် ရခြင်းက မိမိတို့ ကိုယ်ခန္ဓာ၌ ယေရှုအသက်ရှင်ကြောင်း အသက်တာအားဖြင့် ထင်ရှားပြသခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရန် ငါတည်းဟူသော ဇာတိကို သေစေရမည်။ ဇာတိသေလျှင် ပြဿနာမရှိပါ။ ဇာတိနှင့် ဇာတိ တိုက်မှသာ ပြဿနာ တက်ခြင်းဖြစ်သည်။ (၂ကော ၄း၁၁) ဇာတိကိုသတ်ခြင်း (မိမိအလိုဆန္ဒကို ငြင်းပယ်ခြင်း) က ဝိညာဉ်ပကတိနှင့် လျှောက်လှမ်းသူဖြစ်သည်။ ဝိညာဉ်ပကတိနှင့် လျှောက်လှမ်းခြင်းက ဘုရားသခင်ပကတိကို ဆက်ဆံရသော သူဖြစ်သည်။ ယော ၁၀း၁၀ တွင် ယေရှုက သိုးတို့သည် အသက်လွတ်ယုံမျှမက အထူသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါ လာသတည်း ဟု ဆိုသည်။ အသက်လွတ်ခြင်းက တမလွန်တွင် ငရဲမှ လွတ်ခြင်းကို ဆိုလိုပြီး၊ အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းက ယခုလောကတွင် အသက်ရှင်စဉ် လိုအပ်သော အရာများနှင့် ပြည့်စုံစေမည် ဟု ဆိုလိုသည်။ ခန္ဓာအသက်ရှင်ရန်လိုအပ်သော အရာများကို မစထောက်ပံ့သလို ဝိညာဉ်အသက် ရှင်သန်ရန်အတွက်လည်း နှုတ်ကပတ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးထားပါသည်။ ဟေဗြဲ ၂း၁၁ သန့်ရှင်းစေတတ်သောသူ (သန့်ရှင်းသော ဝိညာဉ်တော်)နှင့် သန့်ရှင်းစေအပ်သောသူ (မိမိဝိညာဉ်)တို့သည် တပါးတည်းသော ပကတိရှိသည် ဟု ဆိုလိုသည်။

၃။  ထိုသို့ဝိညာဉ်သည် ဘုရားသခင်နှင့် အသက်ရပြီးနောက် ဝိညာဉ်ရှင်သန်ကြီးထွားရန် ဘုရားသခင် အလိုရှိပါသည်။ ထိုကြောင့် အဆင့်ဆင့် လှေကားထစ်ကဲ့သို့ တက်လှမ်းသွားဖို့ဖြစ်ပါသည်။ အခြေခံအုတ်မြစ်ကတော့ “ယုံကြည်ခြင်း” ဖြစ်သည်။ ဟေဗြဲ ၁၁း၆ ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင် စိတ်တော်နှင့် မတွေ့နိုင် ဟု ဆိုသောကြောင့် ဘုရားသခင်အပေါ် ယုံကြည်ခြင်း တည်ကြည်ခိုင်မာပါစေ။ ယောရှုနှင့် ကာလက် ကဲ့သို့ ဘုရားသခင်နှင့် သူ့ ဂတိတော်အပေါ်မှာ ယုံကြည်ခြင်း တသမတ်တည်းရှိရပါမည်။  (တော ၁၃း၁၄) ယုံကြည်ခြင်းအပေါ်မှာ “သီလ” အကျင့်ကို တည်ဆောက်ရမည်။ ဖိလိ ၃း၁၃-၂၁ ပေါလုက သူကျင့်သလို ကျင့်ကြဖို့ သူ့လို ကျင့်တဲ့သူတွေရဲ့ ပုံသက်သေကိုလည်း ရှုမှတ်ကြဖို့ ပြောပါတယ်။ နောက်တဆင့် ပညာကို ထပ်ဆင်ရမည်။ “ပညာ” ဆိုတာ ဘုရားသခင် ဖြစ်ခြင်းကို သိခြင်း၊ ဘုရားသခင်ရဲ့သဘောတော်ကို နားလည်ခြင်းကို ဆိုလိုသည်။ ယာကုပ် ၃း၁၃-၁၈ အရ အထက်မှ သက်ရောက်သော ပညာဖြစ်သည်။ “ပညာ” အပေါ်မှာ ထပ်ဆင့်၍ ကာမဂုဏ်ချုပ်တည်းခြင်းကို တည်ဆောက်သည်။ ကာမဂုဏ်ဆိုတာ လိုအပ်တာထက် ပို၍ လိုချင်တပ်မက်ခြင်းဖြစ်သည်။ ကာမဂုဏ်မချုပ်တည်းနိုင်ပါက ကိုယ့်ကိုကိုယ် ဒုက္ခပေးခြင်းဖြစ်မည်။ အကျိုးဆက်ကို မိမိသာ ခံစားရမည်။ ဥပမာ- အစားအသောက်ကို အာဟာရ အဖြစ် ကျန်းမာရေးအတွက် စားဖို့လိုအပ်သော်လည်း အစားအသောက်တပ်မက်ပြီး လွန်ကျူးစွာစားသောက်ပါက ဒုက္ခရောက်မည်။ (ကော ၃း၅) ထိုနောက် “သည်းခံခြင်း” ကို ထပ်ဆင့်ရမည်။ ဟေဗြဲ ၆း၁၂ ဘုရားသခင် ဂတိတော်ရပြီးပါက ယုံကြည်ခြင်းနှင့် သည်းခံခြင်းဖြင့် စောင့်ဆိုင်းရမည်။ ထိုသို့ သည်းခံခြင်းစိတ်ရှိမှသာ ဂတိတော်၏ အကျိုးကို ခံစားရမည်။

၄။  ဟေဗြဲ ၁၀း၃၆ ထိုနောက် ဘုရားသခင်ဝတ်၌ မွေ့လျှော်ရမည်။ ဘုရားသခင်ဝတ်ကို ပြုရန် သင့်ကို ယဇ်ပရောဟိတ်အဖြစ် ခွဲခန့်ထားခြင်း ဖြစ်သည်။ သင်သည် သာမန်လူမဟုတ်ပါ။ ယဇ်ပရောဟိတ်ဖြစ်သည်။ (၁ပေ ၂း၉) ထိုနောက် ညီအစ်ကို စုံမက်ခြင်းသို့ တက်လှမ်းရမည်။ (၂ကော ၁၃း၁၁။ ဂလာတိ ၆း၁) ယုံကြည်သူအချင်းချင်း မေတ္တာပြနိုင်မှ ခရစ်တော်၏တပည့် ပီသမည်။ ညီအစ်ကိုတယောက်က အပြစ်ပြုမိလျှင် သူ့ကို မေတ္တာဖြင့် ပြန်လည်တည်ဆောက်ပေးရမည်။ သူ့ကို ကဲ့ရဲ့အပြစ်တင်ခြင်းက သူ့ဘဝကို ပို၍ ဆိုးဝါးစေသည်။ နောက်ဆုံးအဆင့်ကတော့ “ချစ်ခြင်းမေတ္တာ” ဖြစ်သည်။ ဘာလုပ်လုပ် မေတ္တာစိတ်နှင့် လုပ်ရမည် (၁ကော ၁၆း၁၄)။ ဘုရားသခင်က ကိုယ့်ကို အဘယ်မျှလောက် ချစ်သည်ကို ဆင်ခြင်ပြီး အချင်းချင်း ချစ်ရမည်။ ထိုမေတ္တာက အားလုံးတွင် အချုပ် ဖြစ်သည်။

2 comments:

  1. Mohegan Sun Bonus Code 2021 | TABBERBET.COM matchpoint matchpoint 12bet 12bet 916Pokie Slot Machine - Review of the Pokie Slot Machine

    ReplyDelete
  2. Wynn Slots for Android and iOS - Wooricasinos
    A free app for worrione slot machines from wooricasinos.info WRI Holdings Limited that https://jancasino.com/review/merit-casino/ lets you play 출장안마 the popular herzamanindir.com/ games, such as free video slots, table games and live casino

    ReplyDelete